သတင်းများ

လယ်ဝေးမြို့ ဖောင်တော်ချက်မစေတီတော်မြတ်ကြီး၏ မင်္ဂလာကန်တော်အတွင်းရှိ ပိုလျှံနေသည့်ငါးများအား စစ်တောင်းမြစ်အတွင်းသို့ ဘေးမဲ့လွှတ်ခြင်းများ စတင်ဆောင်ရွက်
Jul 24,2023
ပြည်ထောင်စုနယ်​မြေ၊ နေပြည်တော်လယ်ဝေးမြို့နယ်၊ မြို့ကျက်သရေဆောင် ဖောင်တော် ချက်မစေတီတော်မြတ်ကြီး၏ မင်္ဂလာကန်တော်အတွင်းရှိ ပိုလျှံနေသည့်ငါးများအား ယမန်နေ့နံနက်ပိုင်းမှစ၍ စစ်တောင်းမြစ်အတွင်းသို့ ဘေးမဲ့လွှတ် ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ဂုဏ်ထူးရအောင်သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပ
Jul 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ရွှေဧရာအောင် အားကစားခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီက ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများနှင့် ဂုဏ်ထူးရအောင် သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
မြို့သစ်မြို့၌ ခရမ်းချဥ်သီးစျေးတစ်ထောင့်ငါးရာကျပ်ဖြင့် အတက်အကျမရှိ ရပ်တန့်နေ
Jul 24,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီးလုပ်ကိုင်ကြပြီး မြို့နယ်အတွင်းမှ တောင်သူများသည် "ပဲ၊ ပြောင်း၊ စပါး၊ နှမ်းနှင့် မြေပဲ"တို့နှင့်အတူ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဥ်သီးကိုလည်း တွဲဖတ်စိုက်ပျိုးခဲ့ရာ ခရမ်းချဉ်သီးဈေးများတစ်ထောင့်ငါးရာကျပ်ဖြင့် အတက်အကျမရှိ ရပ်တန့်နေကြောင်း မြို့သစ်မြို့နယ်အတွင်းမှ ခရမ်းချဉ်စိုက်တောင်သူများထံက သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း “တော်ဝင်(၂)ဆန်စက်”တွင် ဆန်စပါးကြိတ်ခွဲမှု အခြေအနေများကို ကြည့်ရှုအားပေး
Jul 24,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲ အချိန်က “တော်ဝင်(၂)ဆန်စက်”တွင် ဆန်စပါးကြိတ်ခွဲမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ သွေးလွန်တုပ်​ကွေး​ရောဂါ ကြိုတင်ကာကွယ်​ရေး ခြင်​ဆေးဖျန်းခြင်းနှင့် အဘိတ်​ဆေးခပ်ခြင်းလုပ်ငန်း ​ပူး​ပေါင်းဆောင်ရွက်
Jul 24,2023
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ​သွေးလွန်တုပ်​ကွေး​ရောဂါ ကြိုတင်ကာကွယ်​ရေးအတွက် ခြင်​ဆေးဖျန်းခြင်း၊ အဘိတ်​ဆေးခပ်ခြင်းလုပ်ငန်းများကို ဇူလိုင် ၂၂ ရက်၊ နံနက်ပိုင်းက အ​ခြေခံပညာ​ကျောင်းများတွင် ပူး​ပေါင်း​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
သိန္နီမြို့‌ရွှေဘုန်းပွင့်စေတီတော်မြတ် ဓမ္မာရုံတော်၌ (၁၉) ကြိမ်မြောက် တစ်မြို့နယ်လုံး ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Jul 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ ရွှေဘုန်းပွင့်စေတီတော် မြတ်ဓမ္မာရုံတော်၌ (၁၉)ကြိမ်မြောက် တစ်မြို့နယ်လုံး ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်း ၈ နာရီ အချိန်က ကျင်းပပြု လုပ်ခဲ့သည်။
သရက်မြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 24,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်းပြည့်စုံသည့် လူတော်လူကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ဇူလိုင်လ(၂၂)ရက် နံနက်(၁၀:၃၀)နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 24,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများနှင့် မွေးကင်းစကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ် ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး အသိပညာပေးခြင်းလုပ်ငန်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်သို့ သွားရောက်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။