သတင်းများ

မုဒုံမြို့၌ အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများနှင့် ခရိုင်ပညာရေးမှူးတို့ တွေ့ဆုံပွဲကျင်းပ
Jul 24,2023
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများနှင့် ခရိုင်ပညာရေးမှူးတို့ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီကအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရှင်အရဟံခန်းမ၌ ပြုလုပ်သည်။
ညောင်ဦးမြို့နယ်၌ ခရမ်းချဉ်သီးဈေးနှုန်း တစ်ပိဿာ ၂၂၀၀ ကျပ်ထိဈေးတက်လာ ခရမ်းချဉ် စိုက်တောင်သူများ တွက်ခြေကိုက်
Jul 24,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးသည့် ခရမ်းချဉ်သီးတစ်ပိဿာ ၂၂၀၀ ကျပ် ရောင်းချရခြင်းကြောင့် ခရမ်းချဉ်စိုက်ပျိုး တောင်သူများ ခရမ်းချဉ်သီး လှိုင်လှိုင်ပေါ်ချိန် မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း မုန့်ကုန်းကျေးရွာ ခရမ်းချဉ်စိုက်တောင်သူ ဦးမင်းညိုထံကသိရသည်။
ဇီးကုန်းမြို့နယ်၌ တိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်
Jul 24,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်းသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ်တွင် စိုက်ပျိုး၊ မွေးမြူရေးနှင့် အခြားစီပွားရေး(ကုန်ထုတ်လုပ်မှု) လုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 24,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ရွှေတောင်မြို့နယ်အတွင်းရှိ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုး၊ မွေးမြူရေးနှင့်အခြားစီပွားရေး(ကုန်ထုတ်လုပ်မှု)လုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှစ်လုံးပျက်စီး
Jul 24,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ယမန်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းများကျိုးကျ၍လူနေအိမ်နှစ်လုံးပျက်စီးခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းတွင် Women Club စာဖတ်ဝိုင်းပြုလုပ်
Jul 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ခင်စောတင့် ရေးသားထားသော “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့်  Women Club စာဖတ်ဝိုင်းကိုပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
သီပေါမြို့ မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီးတွင် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်
Jul 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်ရပ်ကွက်ရှိ မြို့လယ်မဟာသာသနာ့ ဗိမာန်တော်ကြီးတွင်အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ယဉ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့နံနက် ၈ နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ
Jul 24,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန  လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၁၁:၃၀ မိနစ်အချိန်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။