သတင်းများ

ရှေးဟောင်းဝတ္ထုပစ္စည်းများ တာဝန်သိစွာအပ်နှံမှုအပေါ် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်
Jul 24,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာအုပ်စု၊ မြင်သာကျေးရွာနေ ဦးဗိုလ်နိုင်ဝင်းမှ စုဆောင်းထားသည့် ကျောက်လက်နက်၊ ကျောက်ကွင်း၊ ကျောက်မို၊ ကျောက်ပုတီးစေ့၊ ကြေးလက်နက်၊ ကြေးအလေး၊ သံလက်နက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ငွေပြား၊ ငွေဒင်္ဂါး၊ မြေပုတီး၊ မြေနားဋောင်း၊ မြေဆေးတံ၊ ဖန်ပုတီးစေ့၊ အရိုးပုတီးစေ့ စသည့် ရှေးဟောင်း ဝတ္ထုပစ္စည်းပေါင်း (၃၂၄)ခုအား အပ်နှံခဲ့သည့်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးရုံးခွဲမှ ယနေ့နံနက် ၁၀နာရီတွင် အဆိုပါရုံးခွဲ၌ ဂုဏ်ပြုပွဲအခမ်းအနားအားကျင်းပခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်နှင့်ဝန်ထမ်းများ၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးဇော်လင်းဦးနှင့် အလှူရှင် ဦးဗိုလ်နိုင်ဝင်းတို့ တက်ရောက်ခဲ့ကြသည်။
မုဒုံမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး
Jul 24,2023
မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို  ဇူလိုင် ၂၁ ရက်မှ စတင်ထုတ်ပေးရာ ယနေ့နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီထိ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
စလင်းမြို့နယ်တွင်အငြိမ်းစားပင်စင်စား(၂၄၁၁)ဦးအား အုပ်စုခွဲ၍ပင်စင်ထုတ်ပေးလျက်ရှိ
Jul 24,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊   စလင်းမြို့နယ်    မြန်မာ့စီးပွားရေးဘဏ်၌   အငြိမ်းစား နိုင်ငံဝန်ထမ်း ပင်စင်စားများအား   ပင်စင်လစာငွေများကို   ဇူလိုင်လ(၂၁)ရက်မှစတင်ကာ ထုတ်ပေးခဲ့ပြီး ယနေ့နံနက် (၇)နာရီ အချိန်မှ  စတင်ကာ ဒုတိယနေ့ဖြစ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ထုတ်ပေးလျက်ရှိရာတွင်   အငြိမ်းစားပင်စင်စားများ၏   လစာများကို အခက်အခဲမရှိ ထုတ်ယူနိုင်ရေးအတွက်
လိပ်သိုဒေသ၌ ဒူးရင်းသီးဈေးနှုန်း ကျဆင်း
Jul 24,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံ ပြည်သူများမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ဥယျာဉ်ခြံလုပ်ငန်းကို အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများအနေဖြင့်  နှစ်ရှည်သီးနှံဖြစ်သည့် ဒူးရင်သီးပင်များ စိုက်ပျိုးခြင်းသည်လည်း အပါအဝင်ဖြစ်သည်။
အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jul 24,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ဘက်စုံထူးချွန်ထက်မြက်စေရေး ယမန်နေ့ညနေ(၃)နာရီက အဆိုပါကျောင်း အားကစားကွင်တွင် ၂၀၂၃-၂၀၂၄ နှစ်တွင် မိုးရာသီ ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဆုချီမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝေါမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေး
Jul 24,2023
ဝေါမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက  ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် ဌာနဆိုင်ရာ ရုံးများသို့ သွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းခဲ့ကြသည်။
လားရှိုးမြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံသင်တန်း(၃)မျိုးဖွင့်ပွဲကျင်းပ
Jul 24,2023
ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံသင်တန်း(၃)မျိုး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က လားရှိုးမြို့၊ လားရှိုးမိုတယ်ခန်းမတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
မိုင်းခုတ်မြို့၏ ကီလိုမာလကာပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Jul 24,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုအခါ ကီလိုမာလကာပင်များ ကို တစ်ပိုင်တစ်နိုင် စတင်စိုက်ပျိုးလာကြောင်း သိရသည်။