ဒဂုံမြောက် ဇူလိုင် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်ဖြစ်သည့် (ဧပြီ၊မေ၊ဇွန်) ပထမသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းမှ ယမန်နေ့နေ့လယ် ၁ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ရပ်ကွက် (၂၇)ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားတစ်ဦးလျှင် ၃၀၀၀၀/-ကျပ်ဖြင့် ဘိုးဘွား(၉၂၅)ဦးတို့အား ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်ဖြစ်သည့်(ဧပြီ၊ မေ၊ ဇွန်) ပထမသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေ ကျပ်(၂၇၇၅၀၀၀၀)/-တိတိကို ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ