မြန်မာ-တရုတ် စီးပွားရေးနှင့်ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးပူးပေါင်းဆွေးနွေး

ရန်ကုန် ဇူလိုင် ၂၆                       

မြန်မာ-တရုတ်စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ပူးပေါင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ရွှေတိဂုံဘုရားလမ်းရှိ တရုတ်ကုန်သည်များ အသင်းချုပ်၌ ကျင်းပရာ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ် ဥက္ကဋ္ဌ Mr.Lin Wen Meng နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကြည်သိန်းကို၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းမှတာဝန်ရှိသူများ၊ တရုတ်နိုင်ငံ၊ ကျီလင်မြို့ မြူနီစပယ်ပါတီကော်မတီနှင့် ကျိလင်မြို့ ပြည်သူ့အစိုးရကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌ Mr.Lin Wen Meng နှင့် တရုတ်နိုင်ငံကျီလင်မြို့၊ ပြည်သူ့အစိုးရ မြို့တော်ဝန် Mr.Hu Bin တို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့သည်။

ထို့နောက် ကျိလင်မြို့ရှိ စီးပွားလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် အထင်ကရနေရများ၊ ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်ပြီး ဆောင်ရွက်နေမှုများကို ပရိုဂျက်တာဖြင့်ပြသခဲ့ပြီး ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် တရုတ်-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မြှင့်တင်ရေးအသင်းတို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်းနောက်တက်ရာက်လာကြသူများက အမှတ်ရဓါတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ကဏ္ဍအလိုက် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် အလွတ်သဘော ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)