ကမာရွတ်မြို့နယ်တွင် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကျင်းပ

ကမာရွတ် ဇူလိုင် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးပွဲကို ကျင်းပခဲ့ပါသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကောင်းမြင့်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)၊ အဖွဲ့ဝင်(၂)၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊  ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အမှာစကားပြောကြားပြီး တက်ရောက်လာသူများက လစဥ်ဆောင်ရွက်လျက်ရှိသော မိမိတို့၏ဌာနဆိုင်ရာလုပ်ငန်းများကို အသီးသီး ဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

စိမ်းလဲ့