ဝမ်းတွင်းမြို့နယ်Community Centreခန်းမတွင် ရုံးပေါင်းစုံ-၂ သမဝါယမအသင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဝမ်းတွင်း ဇူလှိုင် ၂၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် Community Centre ခန်းမတွင် ရုံးပေါင်းစုံ-၂ သမဝါယမအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရုံးပေါင်းစုံ-၂ သမဝါယမအသင်းဥက္ကဋ္ဌ ဦးတင်လှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ရုံးပေါင်းစုံ-၂ သမဝါယမအသင်း အသင်းဝင်ဦးသိန်းမြင့်က ငွေစု/ငွေချေးကိစ္စရပ်များ၊ အမြတ်စုငွေ၊စောင်းငွေ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ရာ တာဝန်ရှိသူများက သိလိုသည်များကို ရှင်းလင်းဖြေကြားခဲ့သည်။ ဆက်လက်၍ တက်ရောက် လာကြသူများက ရုံးပေါင်း-၂ သမဝါယမအသင်းသို့ အသင်းဝင်အသစ်များ တိုးပွားလာခြင်းနှင့် ကော်မတီ ကိစ္စရပ်ဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ  ရုံးပေါင်းစုံ-၂ သမဝါယမအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ရုံးပေါင်းစုံ-၂ သမဝါယမအသင်းဥက္ကဋ္ဌနှင့် အသင်းသူ အသင်းသား (၂၀) ဦးတက်ရောက်ခဲ့ကာ အသင်း တိုးတက်ရေးနှင့် ရှေ့လုပ်ငန်းစဥ်ဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဌေးလှိုင်