ကော့သောင်းမြို့တွင် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်

ကော့သောင်း ဇူလိုင် ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ကော့သောင်းမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက  သဘာဝဘေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ကော့သောင်းမြို့နယ် အောင်သုခရပ်ကွက်၊ မေတ္တာစိုး ကိုယ်ပိုင်အထက်တန်းကျောင်းတွင်လည်းကောင်း၊ ယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ အ.လ.က(ခွဲ)ဘုရင့်နောင်ကျောင်း၌လည်းကောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ  အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မျိုးကိုနှင့် ဝန်ထမ်းများက ဆရာ၊ဆရာမများ၊ ကျောင်းသား၊သူများအား မြေပြိုဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်၊ရှောင်ရန်များ၊ လိုက်နာရမည့် အချက်များနှင့် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားခြင်း သဘာဝဘေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်