ကန့်ဘလူ ဇူလိုင် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ဒေသတွင်းစားနပ်ရိက္ခာများ ဖူလုံစွာပိုလျှံစွာ မွေးမြူထုတ်လုပ်နိုင်ရေး၊ အသားကဏ္ဍပိုမိုထုတ်လုပ်နိုင်ရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကန့်ဘလူမြို့ အမှတ် (၂) ရပ်ကွက်ရှိ ဝက်မွေးမြူရေးခြံများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာမြတ်လင်းတို့မှ ဇူလိုင် ၂၅ ရက်မွန်းလွဲ ၃ နာရီခွဲတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဝက်မွေးမြူရေးခြံများဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဇီဝလုံခြုံရေးဆိုင်ရာ ဆောဂ်ရွက်ထားရှိမှုအခြေအနေများ၊ ဝက်များရောင်းဝယ်ဖောက်ကားမှု စျေးကွက်အခြေအနေများ၊ လက်ရှိဝက်စာနှင့်ဝက်မွေးမြူသူများ စီးပွားရေးတွက်ခြေကိုက်မှု ရှိမရှိ၊ အသားတိုးဝက်များ မွေးမြူထုတ်လုပ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးတို့က ဝက်မျိုးကောင်းမျိုးသန့်များ တိုးတက်ထုတ်လုပ်နိုင်ရေး၊ ထွက်ရှိလာသောဝက်သားပေါက်ငယ်များကို ဒေသတွင်းဖြန့်ဖြူးနိုင်ရေး၊ ဇီဝလုံခြုံမှုဆိုင်ရာများနှင့် အာဖရိကဝက်အပြင်းဖျားရောဂါမကျရောက် မကူးစက်စေရေး အလေးထားဆောင်ရွက်သွားရန်နှင့် စျေးကွက်အခြေအနေများနှင့် လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
စီးပွားဖြစ်မွေးမြူလျက်ရှိသော အမှတ် (၂) ရပ်ကွက် ဒေါ်သီတာလင်း၏ ဝက်မွေးမြူရေးခြံတွင် မျိုးဝက်မ ၃၅ ကောင်၊ ဝက်သိုး ၂ ကောင်နှင့်အသားတိုးကောင်ရေ ၁၆၃ ကောင် မွေးမြူထားကြောင်းနှင့် ကန့်ဘလူမြို့နယ်အတွင်း ဝက်ကောင်ရေ ၄၈၆၅၄ ကောင်မွေးမြူလျက်ရှိပြီး ထွက်ရှိလာသောဝက်သားပေါင်ငယ် များနှင့်အသားတိုးဝက်များအား ပိုလျှံသည်များကိဒေသတွင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ဖြန့်ဖြူးရောင်းချက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)