လားရှိုး ဩဂုတ် ၃
လားရှိုးမြို့တွင် စားဖိုဆောင်သီးနှံများကိုသာ အဓိကထားရောင်းချလေ့ရှိသည့် ရေခြံဈေးသည် ဟင်းသီးဟင်းရွက်စိုက်ပျိုးသူများ၏ အဓိကအားထားပြီး ဈေးရောင်းချရာ နေရာဖြစ်လာသည်။
ရေခြံဈေးတွင် လားရှိုူးမြို့တွင်းနှင့် အနီးပတ်ဝန်းကျင်ရှိ ကိုယ်ပိုင်စိုက်ပျိုးခြံများတွင် ဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးကာ လာရောက်ရောင်းချကြသည့် ဈေးငယ်လေးဖြစ်သော်လည်း ဈေးရောင်းဈေးဝယ်များဖြင့် အထူးစည်ကားသော ဈေးတစ်ခုဖြစ်သည်။
“ရေခြံဈေးမှာက ဟင်းသီးဟင်းရွက်တွေ လတ်လတ်ဆတ်ဆတ်ရတယ်။ ဒီအနီးအနားက ရေခြံတွေမှာစိုက်ပျိုးပြီး လာရောင်းချကြတာဆိုတော့ အစားအစာကလတ်ဆတ်တယ်။ ဈေးလည်းချိုတယ်။ ဒီမြို့မှာရှိတဲ့ စားသောက်ဆိုင်တွေက ဒီရေခြံဈေးမှာပဲ အဓိကထားလာဝယ်ကြတယ်။” ဟု ရေခြံဈေးတွင် ဈေးရောင်းချသူတစ်ဦးက ပြောသည်။
“ကျွန်မတို့က ရာသီပေါ်သီးနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ရာသီအလိုက် စိုက်ပျိုးရောင်းချပါတယ်။ နွေ၊ မိုး၊ ဆောင်းရာသီအလိုက် ခြံထဲမှာသီးနှံတွေစိုက်ပျိုးတယ်။ အဓိကဈေးကွက်ကတော့ ဒီရေခြံဈေးမှာပဲရောင်တာပေါ့။” ဟု ဟင်းသီးဟင်းရွက် ရောင်ချသူတစ်ဦးက ပြောသည်။
လားရှိုးမြို့ရှိ ရေခြံဈေးတွင် ရာသီပေါ်ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများကို အဓိကထားရောင်းချကြပြီး ကြက်၊ ငါး၊ ဝက်သားများကိုလည်း ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)