တောင်ကုတ် ဩဂုတ် ၃
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျေးရွာ(အောင်မင်းချောင်)အပိုင်းတွင် ပင်လယ်ကမ်းစပ်အနီးရှိ လူနေအိမ်(၃၀)မှာ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ပင်လယ်ဒီရေလှိုင်း မြင့်တက်ရိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနိုင်သဖြင့် ယနေ့နံနက်(၉)နာရီ အချိန်မှစ၍ ကြိုတင်ဖျက်သိမ်းပြီး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြောင်းရွှေ့ပေးရာတွင် ကျား(၆၅)ဦး၊ မ(၅၅)ဦးစုစုပေါင်း(၁၂၀)ဦးကို ကုလားရောင်ကျေးရွာရှိ မဟာဝိဟာရဘုန်းတော်ကြီးကျောင်း ၊ မဟာဇောတိကာရာမဘုန်းတော်ကြီးကျောင်းနှင့် Cyclone Shelter များသို့ ရွှေ့ပြောင်းထားပြီး လူနှင့်တိရစ္တာန်များ ထိခိုက်မှုမရှိကြောင်းလည်း သိရသည်။
ကုလလားရောင်ကျေးရွာအုပ်စု၊ အောင်မင်းချောင်ပိုင်းတွင် အိမ်ခြေ(၁၂၀) ၊ အိမ်ထောင်စု(၁၂၅)ရှိပြီး နေထိုင်သူ လူဦးရေ (၄၈၀)ဦး ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)