လားရှိုးမြို့ရှိ ဌာနဆိုင်ရာများ မိမိတို့၏ ဆရာဒကာကျောင်းအသီးသီးတွင် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်း

လားရှိုး ဩဂုတ် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနအလိုက် တာဝန်ကျရာ ဆရာဒကာကျောင်းများတွင် ဝါဆိုသင်္ကန်းများ အသီးသီးဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့တွင် မြို့နယ်အဆင့်အနေဖြင့် ဌာနပေါင်း ၂၉ ဌာနကို ဘုန်းကြီးကျောင်း ၂၉ ကျောင်းသို့ ဆရာဒကာကျောင်းများအဖြစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းကြခြင်းဖြစ်ကြောင်း သိရသည်။  

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို မြို့နယ်ထွေ/အုပ် မြို့မကျောင်း၊ ပညာရေးဌာန အဘယာရာမကျောင်း၊ မြို့နယ်တရားရုံး ဓမ္မရတနာကျောင်း၊ မြို့နယ်ဥပဒေရုံး ဓမ္မရတနာကျောင်း၊ မြို့နယ်စာရင်းစစ်ရုံး မဏိရတနာကျောင်း၊ မြို့နယ်ပြန်/ဆက် အောင်တော်မူနှစ်ကျိပ်ရှစ်ဆူကျောင်း၊ မြို့နယ်ရုပ်/သံသစ္စာတောရကျောင်း၊ မြို့နယ်ရဲတပ်ဖွဲ့ဓမ္မပါလကျောင်း၊ မြို့နယ်လဝက အောင်သိဒ္ဓိကိုးတောင် ပြည့်ကျောင်း၊ မြို့နယ်မီးသတ် အောင်နိမိတ်ကျောင်း၊ မြို့နယ်သမဝါယမ မဏိဇောတကျောင်း၊ မြို့နယ်ဆားနှင့်ပျားလုပ်ငန်း မဟာမြိုင်တောရကျောင်း၊ လူငယ်သင်တန်းကျောင်း မိုးကုတ်တောရကျောင်း၊ ဆက်သွယ်ရေးညောင်လေးပင်ကျောင်း၊ မြို့နယ်လယ်စီအင်း မေတ္တာရောင်ခြည်ကျောင်း၊ မြို့နယ်စိုက်ပျိုးရေး ဓမ္မသီတဂူကျောင်း၊ ဆည်မြောင်း ဓမ္မဂုဏ်ရည်တပ်ဦးကျောင်း၊ မွေး/ကုနိဗ္ဗာန်လမ်းပြကျောင်း၊ ကုန်တင်ကုန်ချရွှေပြည်အေး ဓမ္မသပ္ပါယကျောင်း၊ အလုပ်သမားဆက်ဆံရေး ဇီးဖြူတောရကျောင်း၊ လူမှုဖူလုံရေးကင်ပွန်းတောရကျောင်း၊ မြို့နယ်အား/ကာ ဓမ္မာစာရကျောင်း၊ ပုဂ္ဂလိကယာဉ်လိုင်းပေါင်းစုံ ရွှေလရောင်ကျောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်း မဟာဝိဇိတာရာမကျောင်း၊ မြို့နယ်စည်ပင် သဲအင်းဂူကျောင်းတိုက်၊ စက်မှုလယ်ယာ အင်ကြင်းတောင်ကျောင်း၊ ပြည်တွင်းအခွန် မန်အိုင်ကျောင်း၊ မြို့နယ်သာသနာရေး ပါရမီကျောင်းတိုက်၊ နတလသင်တန်းကျောင်း နမ့်ခိုက်ကျောင်းတို့တွင် အသီးသီး ဝါဆိုသင်္ကန်းကပ်လှူခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)