သုံးခွ ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ (UID) Unique Identity ဆောင်ရွက်ပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ်(ခွဲ)တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်ပေးလျက်ရှိရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှလဝက ဦးစီးမှူးဦးထွန်းဆွှေနှင့် ဝန်ထမ်းများက Biometric (UID) စနစ်ဖြင့် Smart Card မပြုလုပ်ရသေးသော အငြိမ်းစားများအား Smart Card များ ပြုလုပ်ပေးကြောင်း သိရသည်။ သုံးခွမြို့နယ်တွင် အငြိမ်းစားဝန်ထမ်း (၁၂၃၆) ဦးရှိကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)