​​​​​​​ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်းတွင် ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ပြည်ကြီးမဏ္ဍိုင်  ဇူလိုင်    ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာအလယ်တန်းကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မိဘဆရာ အသင်းအမှုဆောင်အဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ကျောင်းသားမိဘများမှစုပေါင်း၍  ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်း၌ ဝါဆိုသင်္ကန်းနှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီခွဲကဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါ ဝါဆိုသင်္ကန်းကပ်လှူပွဲသို့  ပြည်ကြီးမဏ္ဍိုင်မြို့၊ တောင်ပေါ်ကျောင်းတိုက်ဆရာတော် ဝံနိတနှင့် ပင့်သံဃာတော်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီး နော်ဖောဆေးဝါးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ထိုနောက် တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွက်ဆိုပြီး တောင်ပေါ်ကျောင်းတိုက်ဆရာတော်ဝံနိတထံမှ ငါးပါးသီလခံယူတည်ဆောက်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ အားဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ဝံနိတထံမှ ရေစက်ချအနုမောဒနတရားနာယူ ကြည်ညိုကြကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)