မြဝတီ ဇူလိုင် ၂၁
ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ အခြေခံပညာအထက်တန်း (ဝါးတော) ကျောင်း၌ ကျင်းပပြုလုပ်ရာ အခြေခံပညာအထက်တန်း (ဝါးတော) ကျောင်းအုပ်ဆရာမ ဒေါ်စိုးစိုးသက်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကိုပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြဝတီခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူမှ ညှိနှိုင်းရေးမှူး (Moderator) အဖြစ် ဆောင်ရွက်၍ အခြေခံပညာအထက်တန်း (ဝါးတော) ကျောင်းမှ Grade-11 ကျောင်းသူ မယွန်မီမီမင်းက လူငယ်နှင့်သဘာဝပတ်ဝန်းကျင်ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်ထက်အောင်လွင်က လူငယ်နှင့်ကျန်းမာရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသား မောင်ဘုန်းမာန်အောင်က လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့် အသီးအသီးဆွေးနွေးကြကာ Grade-11 ကျောင်းသူ မချစ်စုစုသွယ်က လူငယ်နှင့်သဘာဝပတ်ဝန်းကျင်၊ Grade-10 ကျောင်းသူ မခိုင်ရွှေစင်ဦးက လူငယ်နှင့် ကျန်းမာရေး စသည့်အကြောင်းအရာများအား ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသောအခြေခံပညာအထက်တန်း (ဝါးတော) ကျောင်းမှကျောင်းသား/ ကျောင်းသူများကလည်း မိမိတို့သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင် ဆွေးနွေးသူများက ပြန်လည်ဖြေကြားပြီး လူငယ်စကားဝိုင်းအစီအစဥ်အား ရုပ်သိမ်းခဲ့သည်။ ဆက်လက်ပြီး လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ (၅) ဦးအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ချီးမြှင့်ခဲ့ကြသည်။
လူငယ်စကားဝိုင်း တက်ရောက်ခဲ့ကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေးနံရံကပ်စာအုပ် စာစာင်များအား လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)