မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများ သာစည်မြို့နယ်ရှိ ကျွဲတပ်ဆုံ X-Ray စက်တိုးချဲ့တပ်ဆင်ရန် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ချမ်းအေးသာစံ ဇူလိုင် ၂၂

မန္တလေးတိုင်းဒေသကြီး  ဝန်ကြီးများဖြစ်သည့် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးရာ ဝန်ကြီးဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက သာစည်မြို့နယ်ရှိ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေးရွာ၌ X-Ray စက်တိုးချဲ့တပ်ဆင်ရန် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။

 တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေး၊ ခရီးသွားပြည်သူများ လွယ်ကူသက်သာစွာသွားလာနိုင်ရေးနှင့် ယာဉ်ပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးအတွက် X-Ray စက် တိုးချဲ့တပ်ဆင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ အဝင်အထွက် လမ်းတိုးချဲ့ခင်းကျင်းဆောင်ရွက်ပြီးစီးမှု၊ X-Ray စက်တပ် Mobile ယာဉ်ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုပြီး လုပ်ငန်းများချောမွေ့စွာဖြင့် အမြန်ဆုံးပြီးစီးစေရေး၊ လုပ်ငန်းများကြန့်ကြာမှုမရှိစေရေး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်