ကေ့ာကရိတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အိမ်ထောင်စု(၃၅)စုအား ရေဘေးကယ်ဆယ်ရေးစခန်းသို့ ယာယီပြောင်းရွှေ့

ကေ့ာကရိတ် သြဂုတ် ၈

ကရင်ပြည်နယ် ကော့ကရိတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ နေအိမ်များသို့ ရေများဝင်ရောက်လျက်ရှိပြီး ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ်()ရပ်ကွက် ရေဘေးသင့်အိမ်ထောင်စု(၃၅)စုတို့အား ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်း‌ရွေ့‌ပေးခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်းကြောင့်  ကယ်ဆယ်ရွှေ့ပြောင်းခြင်းလုပ်ငန်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် ဌာနဆိုင်ရာများ၊နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ရေများဝင်ရောက်သည့် အမှတ်() ရပ်ကွက်မှ အိမ်ထောင်စု(၃၅)စု၊ လူဦးရေ(၁၅၈)ဦးတို့အား ရေဘေးကယ်ဆယ်ရေးစခန်းများဖြစ်သည့် အမှတ် ()ရပ်ကွက်၊ အထက()စာသင်ကျောင်း၊ အမှတ်( )ရပ်ကွက်၊ ဇိနမာန်အောင်ဓမ္မာရုံ၊ အမှတ်()ရပ်ကွက်၊ သတိပဌာန်ကျောင်းသစ်နှင့် အမက()ကျောင်းသို့  ပြောင်းရွှေ့ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့်ပြည်သူများအား အလှူရှင်စေတနာရှင်များမှ စားသောက်ဖွယ်ရာများကို သွားရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရှိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)