သံတွဲ ဩဂုတ် ၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ညနေ ၃ နာရီတွင် အမှတ်(၄)ရပ်ကွက် ဘိုကုန်းပတ်လမ်းရှိ ဖုန်းကြိုးပေါ်သို့ သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ သစ်ပင်လဲကျရာသို့ သံတွဲမြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိနေလင်းကျော် ဦးဆောင်သည့် မီးသတ်အဖွဲ့ဝင် (၁၅)ဦးဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ကြရာ လမ်းကို ပုံမှန်ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း၊ ဖုန်းလိုင်းပေါ် သစ်ပင်လဲကျခဲ့သော်လည်း ဖုန်းလိုင်းပြတ်တောက်မှုမရှိကြောင်း သိရသည်။
နေမျိုးအောင်(ခရိုင်ပြန်/ဆက်)