ပေါင် ဩဂုတ် ၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ရေကြီး၊ ရေလျှံသည့်ဘေးမှ ကာကွယ်ရန် ရေမြောင်းများရှိ အမှိုက်များအား ဆယ်ယူခြင်းများဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ယနေ့နံနက် (၁၁)နာရီက ပေါင်မြို့နယ်အတွင်းရှိ ရေမြောင်းများ၌ အမှိုက်များရှင်းလင်းနေသည့် နေရာများသို့ သွားရောက်ကြည့်ရှုခဲ့သည်။
ပေါင်မြို့နယ်တွင် မိုးရာသီကာလ၌ ကုလားမတောင်တန်းမှ စီးဆင်းသည့် ရေများကြောင့် ပေါင်မြို့ပေါ်ရပ်ကွက်(၄)ခု၊ ဇင်းကျိုက် မြို့ပေါ်ရပ်ကွက်(၄)ခုနှင့် ကျေးရွာအချို့တွင် တောင်ကျရေများ၏ စီးဆင်းမှုကြောင့် ရေကြီး၊ ရေလျှံဖြစ်ပေါ်မှုမှ ကာကွယ်နိုင်ရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ ရေမြောင်းများတစ်လျှောက် အမှိုက်သရိုက်များအား ဆယ်ယူခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)