ကာလိ ဩဂုတ် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ကာလိမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအလယ် တန်း(ခွဲ) လွိုင်ဖာကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကာလိမြို့ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်းမှ တာဝန်ခံကျောင်းအုပ် ဆရာမကြီး ဒေါ်ချောစုဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ကျောင်းသား၊ ကျောင်းသူများအား စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ စာဖတ်ခြင်းဆိုင်ရာများနှင့် စာပေဖတ်ရှု့ခြင်းဖြင့် အမှား အမှန်များ ဝေဖန်ပိုင်းခြားတတ်ပြီး အသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းပြောကြားပြီး "စာဖတ်ခြင်းဖြင့် ကြီးမြတ်ပါ" နှင့် "စာဖတ်လို့ ပျော်ကြတယ်" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထင်ထင်(ပြန်/ဆက်)