နမ့်စန်(တ) ဩဂုတ် ၉
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် ကမ္ဘာသစ်ရောင်းဝယ်ရေး သမဝါယမ အသင်း လီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၉နာရီခွဲ က မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ကမ္ဘာသစ်ရောင်းဝယ်ရေး အသင်းဥက္ကဌ ဦးကျော်ရင်ကအဖွင့် အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမော်က အရပ်ရပ် ဆိုင်ရာ အစည်းအဝေးဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစုဥက္ကဌ ဦးကျော်ရွှေ က သမဝါယမ အသင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက ၂၀၂၂-၂၀၂၂၃ဘဏ္ဍာနှစ်အတွက် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ကာ အသင်းသားများ၏ အတည်ပြုချက်ရယူခဲ့ကြသည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသော အသင်းသား ဦးထွန်းနောင်နောင်စိုး၏ သမီးမသင်းဝတီစိုးနှင့် ဦးစိုးသီဟ၏သမီး မထက်ဦးဝေ တို့ကို မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမော် က ပညာရည်ချွန် ဆုအဖြစ် ဆုငွေ နှစ်သောင်းကျပ်စီကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ကမ္ဘာသစ်ရောင်းဝယ်ရေးသမဝါယမအသင်း မှတာဝန်ရှိသူများက အသင်းသား ၂၅၁ ဦး ၏ စုဆောင်းငွေပေါ်အမြတ်ငွေ စုစုပေါင်း ၁၂၅၅၀၀၀ ကျပ် ကို စနစ်တကျ ခွဲဝေထုတ်ပေး ခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)