မော်လမြိုင်ကျွန်းမြို့နယ်၌ အခြေခံဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်

မော်လမြိုင်ကျွန်း၊  ဩဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊  သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  မြောင်းမြခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သည့် အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းခုနှစ်ခုအနက် ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများကို ပြန်လည်ထူထောင်ပေးနိုင်ရေး အခြေခံဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မော်လမြိုင်ကျွန်းမြို့နယ်၊  ကွမ်းခြံချောင်းကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသီဟဇော်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသီဟဇော်က အဖွင့်မှာစကားပြောကြားပြီး မြောင်းမြခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဝေဝေလင်းက သင်တန်းဖွင့်လှစ်ခြင်းရည်ရွက်ချက်ကို ပြောကြား သည်။

ယနေ့ဖွင့်လှစ်သည့် အခြေခံဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ပထမအကြိမ်အဖြစ် ရက်ပေါင်း(၃၀)ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး ဒုတိယအကြိမ်မွမ်းမံသင်တန်းကို (၁၅)ရက်ကြာ ထပ်မံဖွင့်လှစ်သွားမည်ဖြစ်သည်။ အဆိုပါသင်တန်းဆင်းများမှ ထူးချွန်သူသင်တန်းသား()ဦးကို အသေးစားကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရေးအတွက် ငွေကျပ်(၁၀)သိန်းနှင့်ညီမျှသည့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ရဲကိုမောင် (ပြန်/ဆက်)