ကလေးမြို့တွင် မိုးစပါးပန်းတိုင် အထွက်နှုန်းနှင့်အထက် ရရှိရေးအတွက် စိုက်နည်းစနစ်မှန်ကန်ရေး ပညာပေးကွင်းသရုပ်ပြပွဲပြုလုပ်

ကလေး သြဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် မိုးစပါးပန်းတိုင် အထွက်နှုန်းနှင့်အထက် ရရှိရေးအတွက် စိုက်နည်းစနစ်မှန်ကန်စေရန် ပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးဌာန စိုက်ကွင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်ထွန်းဝင်းနှင့် တာဝန်ရှိသူများက တက်ရောက်လာသည့် ဒေသခံတောင်သူများအား မိုးစပါးပန်းတိုင် အထွက်နှုန်းနှင့်အထက် ရရှိရေးအတွက် စပါးမျိုးကောင်းမျိုးသန့်များ ပြောင်းလဲအသုံးပြု‌ရန်၊ ဓာတ်မြေသြဇာများ အချိန်ကိုက်၊ အချိုးညီထည့်သွင်းအသုံးပြုရန်၊ စိုက်နည်းစနစ်မှန်ကန်ရေးနှင့် ဘက်စုံပိုးမွှားရောဂါကာကွယ်ရေး စသည့်နည်းပညာများကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မိုးစပါးပန်းတိုင် အထွက်နှုန်းနှင့်အထက် ရရှိရေးအတွက် နည်းစနစ်မှန်ကန်ရေး ပညာပေးကွင်းသရုပ်ပြပွဲကို ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ဒေသခံတောင်သူများ စုစုပေါင်း (၃၅) ဦးတက်ရောက်ခဲ့ကြသည်။ ကလေးမြို့နယ်တွင် မိုးစပါး စီမံကိန်းလျာထားချက်စိုက် (၁၂၇၅၀၇) ဧကရှိရာ စိုက်ပျိုးပြီးစီးမှုမှာ (၆၄၃၀၉) ဧက (၅၀.၄၄) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ခရိုင်( ပြန်/ဆက်)