ဟင်္သာတမြို့နယ်တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံပညာကျောင်းများအတွက် ကျောင်းစာကြည့်တိုက် သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားပြုလုပ်

ဟင်္သာတ ဇူလိူင်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် အခြေခံပညာကျောင်းများအတွက် ကျောင်းစာကြည့်တိုက် သင်တန်းအမှတ်စဉ် (/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်၊ ရွှေစေတီလမ်းရှိ အမှတ် () အခြေခံပညာအထက်တန်းကျောင်း ပြည်ထောင်စုခန်းမဆောင်၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဦးတိုးဝင်းကမိမိတို့ကျောင်းများမှ ကျောင်းသားလူငယ်များအတန်း ပညာရပ်များသာမက ကျောင်းစာကြည့်တိုက်များမှ စာအုပ်စာပေများကို လေ့လာဖတ်ရှုပြီး အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ ကျောင်းသင်ခန်စာများမှ သင်ကြားမှု သင်ယူမှုများတွင်ခိုင်မာသော အထောက်အထားအချက်အလက်များ ရှာဖွေလေ့လာပြီး သင်ခန်းစာများအပေါ် အထောက်အကူပြုစေရန်၊ ရရှိလာသည့် အသိပညာဗဟုသုတများဖြင့် ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပညာတတ်လူငယ်များဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်သောသူများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ပိုမိုရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန် ယခုကဲ့သို့သော သင်တန်းများကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း’’ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းအား ဆက်လက်သင်ကြားခဲ့ရာ ဟင်္သာတမြို့နယ်မှ အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီး (၇၅) ဦး၊ ဇလွန်မြို့ နယ်မှ အထက်တန်း၊ အလယ်တန်း ကျောင်းအုပ်ကြီး (၃၅) ဦး၊ လေးမျက်နှာမြို့နယ်မှ အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီး (၂၈) ဦး၊ စုစုပေါင်း (၁၄၁) ဦး တက်ရောက် သင်ကြားခဲ့ကြသည်။ အဆိုပါ သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေက ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးရေးနှင့် စာကြည့်တိုက်စီမံခန့်ခွဲမှုပညာ အကြောင်းကိုလည်းကောင်း၊ ခရိုင်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဆရာမကြီးဒေါ်ကြည်ကြည်စိန်က စာကြည့်တိုက်များဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် အထွေထွေ အကြောင်းအရာများကိုလည်းကောင်း၊ အထက-၁ ဇလွန်မှ ဆရာမဒေါ်သွယ်သွယ်ထွန်းက စာပြုလုပ်ငန်းနှင့် တိုက်ပိုင်စာရင်းသွင်းခြင်းကိုလည်းကောင်း၊ အ.ထ.က-၁ လေးမျက်နှာကျောင်းမှ ဆရာမကြီး ဒေါ်ချိုချိုမာက စားငှားလုပ်ငန်းအကြောင်းကိုလည်းကောင်း၊ ဇလွန်မြို့ အမက ကမ်းနားကျောင်းမှ ဆရာမကြီးဒေါ်သန်းထွေးက မိတ်ဖက်အဖွဲ့အစည်းများနှင့် ရေရှည်အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု သင်ခန်းစာများကို ဆွေးနွေးပို့ချခဲ့ကြသည်။

အဆိုပါ ကျောင်းစာကြည့်တိုက် သင်တန်းသို့ ဟင်္သာတခရိုင်ပညာရေးမှူး ဦးတိုးဝင်းနှင့်မြို့နယ်များမှ ပညာရေးမှူးများ၊ သက်ဆိုင်ရာပညာရေးဌာနတာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေနှင့်ဝန်ထမ်းများ၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်များမှ အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများ၊ စုစုပေါင်း (၁၅၀ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟင်္သာတ(ပြန်/ဆက်)