ချမ်းမြသာစည် ဇူလိုင် ၄
မန္တလေးတိုင်းဒေသကြီး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၅) ၏ အခွန်ဆိုင်ရာ ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ချမ်းမြသာစည်မြို့နယ်ရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အခွန်ဆိုင်ရာ ပညာပေးရှင်းလင်းဆွေးနွေးပွဲတွင် အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံး (၅) ဌာနမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချိုချိုဦးက တင်ဒါလေလံလုပ်ငန်းများဆောင်ရွက်သည့်အခါတွင် လုပ်ထုံး၊ လုပ်နည်းနှင့်အညီ အခွန်ပေးဆောင်မှုများ၊ အခွန်တွက်ချက်မှုများ၊ အခွန်ခုနှိမ်ပေးဆောင်မှုများနှင့်ဒဏ်ကြေးငွေပေးဆောင်မှုများအား တည်ဆဲ အခွန်ဥပဒေများနှင့်အညီ ဖြစ်စေရေးနှင့်ပတ်သက်၍ အခွန်ပညာပေးရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူများက သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြသည်။
အခမ်းအနားသို့ ကုမ္ပဏီလုပ်ငန်းရှင် စုစုပေါင်း (၆၃) ဦး တက်ရောက်ကြပြီး တက်ရောက်လာသူများအား အခွန်ဆိုင်ရာသိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချမ်းမြေ့