ငွေဆောင်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဥ်မှုဖြင့် ဖွင့်လှစ်သော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း များဆင်းပွဲအခမ်းအနား ကျင်းပ

ငွေဆောင် ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဥ်မှုဖြင့် (..၂၀၂၅) ရက်နေ့မှ (..၂၀၂၅) ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း () မျိုး ဆင်းပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ယမုံနာဦး ဟိုတယ်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှူးဦးစီးဌာန တာဝန်ရှိသူများ ဌာနဆိုင်ရာများ ၊ဟိုတယ်တာဝန်ခံများနှင့် မန်နေဂျာများ၊ သင်တန်းသား / သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 ဦးစွာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊စီးပွားရေးရာဝန်ကြီး ဦးတင်အေးမှ အဖွင့်အမှာစကားပြောကြားကာ Front Office သင်တန်း၊Housekeeping သင်တန်းများအတွက် အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးမှ Food & Beverage( service) သင်တန်းနှင့် Food & Beverage ( Production) သင်တန်းများအတွက် အောင်လက်မှတ်များနှင့် သင်တန်းဆရာ( ) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။ထို့နောက် သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

 အဆိုပါဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း () မျိုးကို ငွေဆောင်ဟိုတယ်ဇုန်၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်းရှိ ဝန်ထမ်းများ၏စွမ်းဆောင်ရည်မြင့်မားရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဟိုတယ်များမှ ပြီးပြည့်စုံသောဝန်ဆောင်မှုများပေးနိုင်ရေးအတွက်ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကြီးကြပ်မှု၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ဧည့်ကြိုသင်တန်းတွင် သင်တန်းသား (၃၁) ဦး ၊အိပ်ခန်းဆောင် ထိန်း သိမ်း ရေးသင်တန်းတွင် သင်တန်းသား (၃၄) ဦး အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်းတွင် သင်တန်းသား (၃၀) ဦးနှင့် အစားအစာနှင့် အဖျော်ယမကာ ထုတ်လုပ်ရေးသင်တန်းတွင် သင်တန်းသား( ၂၈) ဦး စုစုပေါင်း( ၁၂၃) ဦး တက်ရောက်အောင်မြင်ခဲ့ကြောင်း သတင်းရရှိသည်။

R – 014 (ငွေဆောင်)