ပန်းတနော် ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဘဝိုင်းမြစိမ်းရောင်(ငါးကဏ္ဍ) ကျေးရွာစီမံကိန်း၏ တတိယအကြိမ် (၃)နှစ်မြောက် ချေးငွေပေးအပ်ခြင်း အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပန်းတနော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးတင်ဝင်းထွဋ်နှင့် မြို့နယ်မြစိမ်းရောင်(ငါးကဏ္ဍ) စီမံကိန်းကြီးကြပ်မှုကော်မတီဝင်များ၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းမြင့်၊ မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ငါးမွေးတောင်သူများ၊ ဒေသခံရေလုပ်သားများ တက်ရောက်ခဲ့ကြပြီး ဘဝိုင်းမြစိမ်းရောင် (ငါးကဏ္ဍ) ကျေးရွာစီမံကိန်း၏ တတိယအကြိမ် (၃)နှစ်မြောက်အတွက် ချေးငွေ (၅၅၆၈၀၀၀၀/-) ကျပ်အား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)