မန္တလေး ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ဧရာဝတီမြစ်အတွင်း ဒုတိယအကြိမ် မြောက် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ဇွန် ၂၇ရက် နံနက် ၈နာရီက မန္တလေး အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက်၊၂၂လမ်းနှင့်မြို့ပတ်လမ်းထောင့်ရှိ ကျွဲစွန်းဆိပ်ကမ်းတွင် ကျင်းပသည်။
အခမ်းအနားတွင် ငါးခုံးမကြီးကောင်ရေ နှစ်သိန်း၊ ရွှေဝါငါးကြင်းကောင်ရေ နှစ်သိန်းခွဲ၊ ငါးမြစ်ချင်းကောင်ရေ နှစ်သိန်းခွဲ စုစုပေါင်း ငါးကောင်ရေခုနစ်သိန်းကို တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးထွန်းထွန်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေ၊ အတွင်းရေးမှူးဒုတိယရဲမှူးကြီးစိန်ယုနှင့်အဖွဲ့ဝင်များ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်စိုးစိုးငြိမ်း၊ အောင်မြေသာစံနှင့်ပုသိမ်ကြီးမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ငါးလုပ်ငန်းစခန်းတာဝန်ခံများက ဧရာဝတီမြစ်အတွင်း ငါးမျိုးများစိုက်ထည့်ပေးကြကြောင်းသိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)