သတင်းများ

ဝါးခယ်မ မြို့မစျေးအတွင်း ရောင်းချလျက်ရှိသည့် ဆန်၊ ဆီ၊ ဆေးဆိုင်များ သတ်မှတ်စျေးနှုန်းများဖြင့် ရောင်းချစေရေးစစ်ဆေး
Apr 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြို့မစျေးအတွင်းရှိ ရောင်းချလျက်ရှိသော ကုန်စည်များအား သတ်မှတ်စျေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိ   စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
ဘိုကလေးမြို့နယ်တွင် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲကျင်းပ
Apr 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပဆောင်ရွက်သည်။
ပူတာအိုမြို့၌ ရဝမ်လူမျိုးများ၏ ရှေးဟောင်းအနုပညာ(အဆို၊ အက၊ အတီး၊ အမှုတ်) သင်တန်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြော
Apr 25,2025
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းက ကြီးမှူးဖွင့်လှစ်သော ရဝမ်လူ မျိုးများ၏ ရှေးဟောင်းအနုပညာ (အဆို၊ အက၊ အတီး၊ အမှုတ်)သင်တန်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာ ပေးဟောပြောပွဲကို ဧပြီ(၂၃)ရက် မွန်းလွဲ(၂)နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဉယျာဉ် ခရန်ခူးခန်းမ၌ကျင်းပသည်။
ချောင်းဆုံမြို့နယ်၌ မိုးစပါးစိုက်ပျိုးမည့် အခြေခံသမဝါယမအသင်းသားများအား အထွက်တိုးမျိုးစပါးများပေးအပ်
Apr 25,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြိုနယ်၌ လာမည့်မိုးစပါးစိုက်ပျိုးရာသီအတွင်း မိုးစပါးစိုက်ပျိုးကြမည့် အခြေခံသမဝါယမအသင်းများမှ အသင်းသားတောင်သူများအနေဖြင့် မိုးစပါးအထွက်တိုးကာ အဆင်ပြေစေရန်အတွက် မြို့နယ်သမဝါယမဦးစီးဌာနမှ အောင်နိုင်တိုးအထွက်တိုး မျိုးစပါးများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း (အနောက်ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး
Apr 25,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ (၂၃) ရက်နေ့၊ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူးတိုင်း (အနောက်ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ပူတာအိုမြို့၌ ၂၀၂၅-ခုနှစ် မြို့နယ်ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌဖလား လူငယ်အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲကွင်းဖွင့်လှစ်
Apr 25,2025
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းကကြီးမှူး၍ လူငယ်ထုအတွင်း အားကစားစိတ်ဓာတ်ရှင်သန်ပြီး မိမိဒေသတွင်း ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းလာစေရန်သာမက နိုင်ငံ့ဂုဏ်ဆောင်ထူးချွန်အား ကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပသော ၂၀၂၅-ခုနှစ်မြို့နယ် ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲအခမ်းအနားကို ဧပြီ(၂၃)ရက် မွန်းလွှဲ(၂)နာရီက ပူတာအိုခရိုင် ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းရာသီက စိုက်ပျိုးခဲ့သည့် ပဲလွမ်း  ရာနှုန်းပြည့်  ရိတ်သိမ်းပြီးစီးပြီး တစ်ဧကလျှင် ၁၆ ဒသမ ၃၂ တင်း ထွက်ရှိ         
Apr 25,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ပဲလွမ်းသီးနှံ ဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၁၆ ဒသမ ၃၂ တင်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးနဲမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ကျေးရွာရွေးချယ်
Apr 25,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကျေးရွာ ရွေးချယ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာတာဝန်ခံများ တက်ရောက်ခဲ့ကြသည်။