တောင်တွင်းကြီးမြို့နယ် ပြည်သူစာကြည့်တိုက်တွင် တစ်နှစ်တာဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများနှင့် အမျိုးသားစာပေတစ်သက်တာဆုရှင် ဦးအောင်သင်း၏ စာပေအဆိုအမိန့်များအား နံရံကပ်စာစောင်ပြသ

တောင်တွင်းကြီး ဇူလိုင် ၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တစ်နှစ်တာ ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများနှင့် အမျိုးသားစာပေတစ်သတ်တာဆုရှင် ဦးအောင်သင်း၏ စာပေအဆိုအမိန့်များအား နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က အမှတ် ()အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်ပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနအနေဖြင့် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများသို့သွားရောက်၍သော်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင်လည်းကောင်း ကျင်းပခဲ့သည့် အသိပညာပေးဟောပြောခြင်း မှတ်တမ်းဓာတ်ပုံများ၊ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းနှင့် အမျိုးသားနေ့အထိမ်းအမှတ်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း စသည့် အထိမ်းအမှတ်နေ့များတွင်လည်း အသိပညာပေးဟောပြောခြင်း မှတ်တမ်းဓာတ်ပုံများ၊ အမျိုးသားစာပေတစ်သတ်တာဆုရှင် ဦးအောင်သင်း၏ စာပေအဆိုအမိန့်များကို  ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်ရုံး ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလိုသည့် သုတ၊ ရသ စာအုပ်စာစောင်များကိုလည်း အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)