အိမ်မဲမြို့နယ်တွင် မွေးစမှ အသက်(၁)နှစ်ခွဲကလေးများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေး

အိမ်မဲ ဇူလိုင်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ မွေးစမှ အသက်(၁)နှစ်ခွဲထိ ကလေးများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းတွင် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါလုပ်ငန်းများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို အကျယ်တဝင့်ဟောပြောပြီး၊ မွေးကင်းစမှ အသက်()နှစ်ခွဲ ကလေးများအား ဗီတာမင်(A)ဆေးတိုက်ကျွေးခြင်း၊ ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဘီစီဂျီ၊ ပိုလီယိုအကြောသေ၊ ဝက်သက်-ဂျိုက်သိုး၊ (၅)မျိုးစပ်ကာကွယ်ဆေး (ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်)၊ ပြင်းထန်အဆုပ်ရောင် (ပီစီဗီ) အစရှိသည့် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး​ပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ လစဥ်()ရက်နေ့နှင့် ()ရက်နေ့များတွင် အခမဲ့ထိုးနှံပေးလျက်ရှိပြီး မွေးကင်းစမှ အသက်()နှစ်ခွဲထိ ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များမှ မည်သူမဆို လာရောက်ထိုးနှံနိုင်ကြောင်း သိရသည်။

ချစ်သက်လယ်

အိမ်မဲ(ပြန်/ဆက်)