သတင်းများ

မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁)နှစ်ခွဲအောက်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်‌ကျွေးပေးခြင်းများဆောင်ရွက်
Jul 04,2025
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဆရာမများနှင့်သားဖွားဆရာမများမှ မြို့ပေါ် (၆) ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁)နှစ် ခွဲအောက်ကလေးငယ်များကို ယနေ့နံနက် ၉ နာရီက  စတင်ပြီး လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်‌ကျွေးပေးခြင်းကို အဆိုပါမိခင်နှင့် ကလေးကျန်းမာရေးဌာနရုံးခန်းတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ မြစိမ်းရောင်အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တတိယအကြိမ် ရန်ပုံငွေ သိန်း (၄၀၀)ပေးအပ်
Jul 04,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် မြစိမ်းရောင်အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တတိယအကြိမ်ရန်ပုံငွေသိန်း (၄၀၀) ကျပ် ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ဝမ်နောင်ကျေးရွာခန်းမဆောင်၌ ပြုလုပ်ခဲ့သည်။
မိုးနဲမြို့နယ် မယ်ဇလီမြိုင်ကျေးရွာ၌(VDP) စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်
Jul 04,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် မိုင်ဟိုင်းကျေးရွာအုပ်စု၊ မယ်ဇလီမြိုင်ကျေးရွာ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် နွေသီးနှံစုံနှင် မိုးကြိုသီးနှံစုံ လျာထားဧကထက်(၁၈၁)ဧက ပိုမိုစိုက်ပျိုးနိုင်
Jul 04,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ခုနှစ် နွေသီးနှံစုံနှင့် ၂၀၂၅-၂၀၂၆ခုနှစ်   မိုးကြိုသီးနှံစုံ (၅၂၅၃၄)ဧက စိုက်ပျိုးရန်လျာထားသော်လည်း (၅၂၇၁၅))ဧက စိုက်ပျိုးနိုင်သည့်အတွက် လျာထား ဧကထက်(၁၈၁)ဧက ပိုမိုစိုက်ပျိုးနိုင်ကြောင်း မြို့နယ်မြေ စာရင်းဦးစီးဌာနမှ သိရသည်။
မြို့သစ်မြို့နယ်၌ နွေစပါး(အောင်နိုင်တိုး)မျိုးစံကွက် ရိတ်သိမ်းပွဲ ကျင်းပ
Jul 04,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ နဘဲကုန်းကျေးရွာအုပ်စု၊ ကိုရံ(တ)ကျေးရွာ၊ ကွင်းအမှတ်- ၁၃၆၅၊ တောင်သူဦးမြင့်သိန်း စိုက်ပျိုးထားသော နွေစပါး(အောင်နိုင်တိုး) ၁ ဒဿမ ဝဝ - ဧက စိုက်ခင်း၌ ယမန်နေ့နံနက် ၉ နာရီက စံကွက်ရိတ်သိမ်းပွဲ ပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတက္ကသိုလ် ရာပြည့်သဘင်စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
Jul 04,2025
မန္တလေးတက္ကသိုလ် ရာပြည့်သဘင် စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်(၃)ရက်နံနက်ပိုင်းက  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ငဖဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆောင်ရွက်
Jul 04,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပဆောင်ရွက်သည်။
ပင်လောင်းမြို့နယ်အတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့် ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးစီမံကိန်းသို့ တာဝန်ရှိသူများက ကွင်းဆင်းလေ့လာ
Jul 04,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် လွယ်မောကျေးရွာအုပ်စု စိန်ပန်းကျေးရွာ၌ မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့် ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် မယ့်ဖားလုံဖောင်ဒေးရှင်းမှ ဆောင်ရွက်နေသော ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (CCDAC) မှ ရဲမှူးချုပ် သန့်လွင်မောင်၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) မှ အထွေထွေအတွင်းရေးမှူးချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဖန်နုရတ်လုပ်ဘွန် (Pol.Lt.Gen. Phanulat Lukboon)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံအခြေစိုက် မယ့်ဖားလုံ ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်အရာရှိချုပ် ဒစ်စပန်နဒါ ဒစ်စကွန် (M.L.Dispanadda Diskul) ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့များက ယမန်နေ့ မွန်းလွဲပိုင်တွင်း ကွင်းဆင်းလေ့လာခဲ့သည်။