သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်
Jul 04,2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၃ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အမျိုးသမီးကော်မတီဝင်များ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့မှ ကျောင်းသူများနှင့် သင်တန်းသူများ၊ ထူးချွန်ဆုရရှိကြသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။
မိုးနဲမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၌ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း ဆောင်ရွက်
Jul 04,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယမန်နေ့နံနက် ၈ နာရီခွဲအချိန်ကစတင်ကာ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို ဒေါက်တာဇင်မီဟန်၏ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တာလေမြို့၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားခြင်းဆောင်ရွက်
Jul 04,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီအချိန်က တာလေမြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ စာအုပ်များလက်ဝယ်အရောက် အခမဲ့ငှားပေးခြင်းများဆောင်ရွက်ကြောင်း သိရသည်။
ဘားအံတက္ကသိုလ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအသိပညာပေး
Jul 04,2025
ကရင်ပြည်နယ် ဘားအံတက္ကသိုလ် ငုရွှေဝါခန်းမ၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၃ ရက် နံနက် ၁ဝ နာရီက ကျင်းပသည်။
သရက်မြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး  ထိုးနှံပေး
Jul 04,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မွေးကင်းစမှ အသက် (၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုရားကြီးဓမ္မာရုံတွင် မြို့ပေါ်(၈)ရပ်ကွက်မှ မွေးကင်းစမှအသက် (၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
ချောက်မြို့နယ်၌ မိုးမြေပဲ ဧက ၅၂၇၈၉ ဧက စိုက်ပျိုးပြီးစီး
Jul 04,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် သီးနှံစိုက်စွမ်းအားများ တိုးမြှင့်စိုက်ပျိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုနှစ် ဇွန်လထိ မိုးမြေပဲ (၅၂၇၈၉) ဧက စိုက်ပျိုးပြီးစီး​ပြီ​ဖြစ်ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်တွင် အခွန်ဆိုင်ရာ အသိပညာပေး ဗီနိုင်းချိတ်ဆွဲထားရှိမှုများ ကွင်းဆင်းစစ်ဆေး
Jul 04,2025
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်း ပြေစာအမှတ်တံဆိပ် ကပ်နှိပ်ရောင်းချသောဆိုင်များတွင် အခွန်ဆိုင်ရာ အသိပညာပေး ကြေညာချက်များအား အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အဆိုပါကြေညာချက်များ ချိတ်ဆွဲထားခြင်းများကို ယမန်နေ့မွန်းလွဲ ၃ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မိုင်းပျဉ်းမြို့တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Jul 04,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယမန်နေ့ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယမန်နေ့ မွန်းလွှဲ ၂ နာရီက ဆောင်ရွက်ခဲ့ရာ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများနှင့် ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။