ဘားအံတက္ကသိုလ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအသိပညာပေး

ဘားအံ    ဇူလိုင် ၄

ကရင်ပြည်နယ် ဘားအံတက္ကသိုလ် ငုရွှေဝါခန်းမ၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၃ ရက် နံနက် ၁ဝ နာရီက ကျင်းပသည်။

ဟောပြောပွဲတွင် ဘားအံတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက အမှာစကား ပြောကြားပြီးနောက် အမှတ်(၁၀)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ကရင်)မှ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးဟန်မွှေးက ယာဉ်အန္တရာယ်/လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများ သိမှတ်လိုက်နာရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များကို ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ် တရားလွှတ်တော် ပြည်နယ်တရားရေး ဦးစီးမှူး ဒေါ်ခင်ပြုံးရီက မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပါ ပြဌာန်းချက်များနှင့် ပတ်သက်သည့်   တရားရုံးများတွင် အရေးယူမှုအများဆုံးဖြစ်သည့် ပုဒ်မ ၈၆၊ ၈၇ ပါပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းပြောကြားပြီး တစ်ဆက်တည်းတွင် ရာဇသက်ကြီးပုဒ်မ ၂၇၉၊ ၃၃၇၊ ၃၃၈ နှင့် ၃၀၄-က ပါ ပြဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းပြောကြားခဲ့ရာ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ဖြေကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်