တာလေ ဇူလိုင် ၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီအချိန်က တာလေမြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ စာအုပ်များလက်ဝယ်အရောက် အခမဲ့ငှားပေးခြင်းများဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် တာလေမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရုံးသို့လာရောက်ငှားရမ်းရန်အခက်အခဲရှိသော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများသို့ အပတ်စဥ်သွားရောက်၍ လက်ဝယ်အရောက်နယ်လှည့်ကွင်းဆင်းပြီး သုတ/ရသစာအုပ်များကို စာငှား/စာဖတ်သူများထံအရောက် အခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တာလေမြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ စာအုပ်စာပေများငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)