သတင်းများ

မိုင်းဖြတ်မြို့နယ်၌ လူကုန်ကူးမှုတားဆီးနှိမ်နင်း​ရေး အသိပညာ​ပေး​ဟော​ပြောပွဲ ကျင်းပ
Jul 15,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(တာချီလိတ်)မှ တပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁၀ နာရီက လူကုန်ကူးမှုတားဆီးနှိမ်နင်း​ရေး အသိပညာ​ပေး​ဟော​ပြောပွဲကို အ.ထ.က(မိုင်းဖြတ်)ရှိ ​ရွှေလီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
ကွန်ဟိန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jul 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲအား ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကံမမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း (၂၀) ကျောင်းကို ယာယီပိတ်ထားရ
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဧရာဝတီမြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်းများရှိ အခြေခံပညာကျောင်းများ၌ မြစ်ရေဝင်ရောက်သဖြင့် ကျောင်းသား၊ ကျောင်းသူများ ရေဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယနေ့နံနက်မှစတင်၍ အခြေခံပညာကျောင်း (၂၀) ကျောင်းကို ယာယီပိတ်ထားရကြောင်း သိရသည်။
မိုးနဲမြို့နယ် မွေတော်ဘုန်းတော်ကြီးကျောင်း၌ တောင်သူနည်းပညာပေး ဆွေးနွေးကျင်းပ
Jul 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏စီစဉ်မှုဖြင့် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မွေတော်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနေရာ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကွန်နားကျေးရွာအုပ်စု၊ ကုန်းကျောင်း၊ လွယ်လင်းနှင့် ဆွမ်မရမ်းကျေးရွာရှိတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကရသူရိမြို့၌ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး
Jul 15,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တံတားမြို့ အခြေခံပညာကျောင်းများ၌ ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Jul 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးအတွက် အခြေခံပညာကျောင်းများသို့ ယနေ့နံနက်ပိုင်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အောင်လံမြို့၌ ၂၀၂၄ ခုနှစ် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၇ နာရီက အောင်လံမြို့ ဒုရင်္ဂဗိုလ် ညောင်ပင်ဆိပ်သွား လမ်းဘေးဝဲယာအနီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မြင့်တက်မှုကြောင့် စာသင်ကျောင်း (၁၀) ကျောင်း ယာယီပိတ်ထား
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက် မြင့်တက်မှုကြောင့် အခြေခံပညာကျောင်း (၁၀) ကျောင်း မြစ်ရေဝင်ရောက်ခဲ့သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယနေ့နံနက်ပိုင်းမှစပြီး ယာယီပိတ်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။