မိုင်းဖြတ်မြို့နယ်၌ လူကုန်ကူးမှုတားဆီးနှိမ်နင်း​ရေး အသိပညာ​ပေး​ဟော​ပြောပွဲ ကျင်းပ

မိုင်းဖြတ် ဇူလိုင် ၁၅

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(တာချီလိတ်)မှ တပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁၀ နာရီက လူကုန်ကူးမှုတားဆီးနှိမ်နင်း​ရေး အသိပညာ​ပေး​ဟော​ပြောပွဲကို အ.ထ.က(မိုင်းဖြတ်)ရှိ ​ရွှေလီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.က(မိုင်းဖြတ်)မှ ​အထက်တန်းပြဆရာ ဦး​ကျော်​ဌေးက အဖွင့်အမှာစကား​ပြောကြားခဲ့သည်။ ထို့​နောက် အမှတ်(၁)လူကုန်ကူးမှုတားဆီနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(တာချီလိတ်)မှ ရဲအုပ်ကျော်သန်းနိုင်က လူကုန်ကူးမှုတားဆီးနှိမ်နင်​ရေး ရည်မှန်းချက်တာဝန် (၄)ရပ်၊ ရွေ့​ပြောင်းသွားလာခြင်း၊ လူ​မှောင်ခို၊ လူကုန်ကူးခြင်းနှင့် လူကုန်ကူးမှု၏အဓိပ္ပါယ် လူကုန်ကူးမှု​မြောက်သည့် နည်းလမ်းအဆင့်ဆင့်များကို အကျယ်တဝင့် ရှင်းလင်း​​ဟော​ပြောခဲ့သည်။

ယင်း​နောက် ရဲအုပ် ​ကျော်မင်းနိုင်က လူကုန်ကူးမှုတားဆီးနှိမ်နင်း​ရေး ဥပ​ဒေအ​ကြောင်းသိကောင်းစရာများကို ပညာ​ပေးပြောကြားခဲ့ပြီး တပ်ဖွဲ့ဝင်များက ​ကျောင်းသား၊ ​ကျောင်းသူများကို အသိပညာ​ပေးလက်ကမ်းစာ​စောင်များ ဖြန့်​ဝေ​ပေးခဲ့​ကြောင်း သိရသည်။ ဆက်လက်၍ အဆိုပါ တပ်ဖွဲ့ဝင်များသည် အ.ထ.က (ဟိုနား)​ကျောင်းတွင် အသိပညာ​ပေး​ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)