မိုးနဲမြို့နယ် မွေတော်ဘုန်းတော်ကြီးကျောင်း၌ တောင်သူနည်းပညာပေး ဆွေးနွေးကျင်းပ

မိုးနဲ  ဇူလိုင် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏စီစဉ်မှုဖြင့် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မွေတော်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနေရာ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကွန်နားကျေးရွာအုပ်စု၊ ကုန်းကျောင်း၊ လွယ်လင်းနှင့် ဆွမ်မရမ်းကျေးရွာရှိတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးဇော်မော်ဦးက သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ အစေ့ထုတ်ပြောင်းစိုက်ပျိုးရာတွင် ပဲစဉ်းငုံသီးနှံနှင့် သီးညှပ်စိုက်ပျိုးရေး၊ ဆီထွက်သီးနှံမြေပဲ၊ နေကြာ၊ ပဲပုပ်တို့အား တိုးချဲ့စိုက်ပျိုးရေး၊ သီးနှံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးနည်းများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးဝန်ထမ်းများက တက်ရောက်လာကြသော တောင်သူများအား တောင်သူနည်းပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)