သတင်းများ

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံ (၈၃၁) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်
Jul 16,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံ (၈၃၁) ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံဧက (၉၁၄) ဧက စိုက်ပျိုးရန်လျာထားပြီး ယခုနှစ် မေလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ (၈၃၁) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ငပုတောမြို့နယ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ ပန်းချီ၊ ပိုစတာနှင့် စာစီစာကုံးပြိုင်ပွဲများကျင်းပ
Jul 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တောင်ကလေးကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်တွင် (၇၇)နှစ်မြောက် ငပုတောမြို့နယ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ ပန်းချီ၊ ပိုစတာနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ဝမ်းတွင်းမြို့နယ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရေးစပ် သီကုံးပြိုင်ပွဲ ကျင်းပ
Jul 16,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရေးစပ်သီကုံးပြိုင်ပွဲကို ယနေ့နံနက်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကံမမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးရှောင်အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုးထောက်ပံ့ငွေနှင့် ဆန်၊ ခေါက်ဆွဲခြောက်များ ပေးအပ်လှူဒါန်း
Jul 16,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းနားတစ်လျှောက် မြစ်ရေများဝင်ရောက်လာသဖြင့် ရေဝင်ရောက်သည့် အိမ်ထောင်စုများမှ ပြည်သူများအား ရေကင်းလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးခဲ့ပြီး အဆိုပါနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ သရက်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ (၂)နာရီက နိုင်ငံတော်မှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အစီအစဉ်ဖြင့် ထောက်ပံ့သည့် ဆန်နှင့်ခေါက်ဆွဲခြောက်များအား ရေဘေးရှောင်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ချောင်းဆုံမြို့နယ်တွင် ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်များ အသိပညာပေးနှိုးဆော်
Jul 16,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်များကို ပြည်သူများသတိပြုကာကွယ်နိုင်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ကလော့ကျေးရွာနှင့် ညောင်လမ်းကျေးရွာတို့တွင် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ကွင်းဆင်းဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် စိုက်ပျိုးမည့် မျိုးစေ့ထုတ် မိုးစပါးစိုက်ဧက ၅၀ အတွက် သွင်းအားစုများ ပေးအပ်
Jul 16,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် စိုက်ပျိုးမည့် မျိုးစေ့ထုတ် မိုးစပါးစိုက်ဧက ၅၀ အတွက် သွင်းအားစုများပေးအပ်ပွဲကို  ယမန်နေ့က  စက်ပစ်တောင်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာကျောင်း (၁၃)ကျောင်း ယာယီပိတ်ထား
Jul 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ကျောင်းဝန်းအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာကျောင်း (၁၃)ကျောင်းအား ယာယီပိတ်ထားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျိုင်းလပ်မြို့ ကလေးစာဖတ်ခန်း၌ မူလတန်းအဆင့် ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ
Jul 16,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ကလေးစာဖတ်ခန်းတွင် မူလတန်းအဆင့် ဉာဏ်စမ်းပြိုင်ပွဲကို ယနေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။