မိတ္ထီလာ ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် စိုက်ပျိုးမည့် မျိုးစေ့ထုတ် မိုးစပါးစိုက်ဧက ၅၀ အတွက် သွင်းအားစုများပေးအပ်ပွဲကို ယမန်နေ့က စက်ပစ်တောင်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးကို ထမုန်ကန်းကျေးရွာ အုပ်စုတွင် စိုက်ဧက ၁၀၀၊ တောမကျေးရွာအုပ်စုတွင် စိုက်ဧက ၁၀၀၊ ခင်လူးကျေးရွာအုပ်စုတွင် စိုက်ဧက ၅၀၊ ရှမ်းတဲကျေးရွာအုပ်စုတွင် စိုက်ဧက ၃၀၊ ကဖြူ ကျေးရွာအုပ်စုတွင် စိုက်ဧက ၅၀၊ ဇောင်းချမ်းကုန်းကျေးရွာအုပ်စုတွင် စိုက်ဧက ၃၀၊ မကျီးစုကျေးရွာ အုပ်စုတွင် စိုက်ဧက ၄၀၊ လျှော်ဖြူကန်ကျေးရွာအုပ်စုတွင် စိုက်ဧက ၅၀၊ ကွက်ကျေးရွာအုပ်စုတွင် စိုက်ဧက ၁၅၀ စုစုပေါင်း စိုက်ပျိုးဧက ၆၀၀ကို စိုက်ပျိုးသွားမည်ဖြစ်ပြီး အဆိုပါမိုးစပါးစိုက်ဧက ၆၀၀ အနက် မျိုးစေ့ထုတ်မိုးစပါးစိုက်ဧက ၅၀ ကို ထမုန်ကန်ကျေးရွာအုပ်စု စက်ပစ်တောင်ကျေးရွာတွင် စိုက်ပျိုးသွားမည်ဖြစ်သည်။
အဆိုပါ ထမုန်ကန်ကျေးရွာအုပ်စု စက်ပစ်တောင်ကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမည့် မျိုးစေ့ထုတ်မိုးစပါးစိုက်ဧက ၅၀ အတွက် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်၊ မိတ္ထီလာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်အေးနှင့်တာဝန်ရှိသူများက သွင်းအားစုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)