သတင်းများ

ပုဗ္ဗသီရိမြို့နယ်၌ အစေ့ထုတ်ပြောင်း (၄၆၅) ဧကနှင့် ဖူးစားပြောင်း (၁၂၂) ဧက စိုက်ပျိုးပြီးစီး
Jul 16,2024
ပုဗ္ဗသီရိမြို့နယ်တွင် သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် အစေ့ထုတ်ပြောင်း လျာထားဧက (၉၈၆) ဧကအနက် (၄၆၅) ဧကနှင့် ဖူးစားပြောင်း (၂၈၁) ဧကအနက် (၁၂၂) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ချမ်းမြသာစည်မြို့နယ် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Jul 16,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ချမ်းမြသာစည်မြို့နယ်၊ ၈၄ လမ်း၊ စစ်ကိုင်းလမ်းခွဲ အမှတ် (၇) အခြေခံပညာ အထက်တန်း ကျောင်းရှိ ဇမ္ဗူတမ္ပခန်းမ၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပျော်ဘွယ်မြို့နယ်တွင် သစ်တောထိန်းသိမ်းရေးနှင့်သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ
Jul 16,2024
ပျော်ဘွယ်မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေးနှင့် သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့သည်။
နတ်မောက်မြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Jul 16,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ဟုမ္မလင်းမြို့တွင် ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးသင့်ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေး
Jul 16,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးသင့်ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခြင်းကို ဇူလိုင်(၁၁)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက် မြေအနိမ့်ပိုင်းနေ ရေဘေးသင့်အိမ်ထောင်စု (၁၄၁)စု၊ ကျား(၂၃၇)၊ မ(၂၉၆)ဦး၊ ပေါင်း(၅၃၃)ဦးတို့အား မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ အစီအစဥ်ဖြင့် ဟုမ္မလင်းမြို့၊ နောင်ပကျစ် ရပ်ကွက်တောင်ပေါ် ၊ သာသနာ့မဏ္ဏိုင်ဘုန်းတော်ကြီး (အေးသုခဇရပ်) အ.ထ.က(၁) ကျောင်း၊ ဘုရားငါးဆူးဘုန်းကြီးကျောင်းတို့တွင် ရွှေ့ပြောင်းခြင်းများ ပြုလုပ်ပေးခဲ့သည်။
သံတောင်ကြီးမြို့တွင် နာနတ်သီးများအထွက်နှုန်းကောင်းပြီး ခူးယူရောင်းချခြင်းဖြင့် မိသားစုအဆင်ပြေ
Jul 16,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်သည့် အားလျော်စွာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးကြပြီး နှစ်ရှည်သီးနှံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ တစ်ပိုင်တစ်နိုင်ဖြင့် နှစ်တိုသီးနှံဖြစ်သည့် နာနတ်သီးများကိုစိုက်ပျိုးလျက်သည်။ ယခုဇူလိုင်လဒုတိယပတ်မှစပြီး နာနတ်သီးများ ရင့်မှည့်ကာအထွက်နှုန်းကောင်းပြီး ခူးယူရောင်းချခြင်းဖြင့် မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရသည်။
မင်းဘူးခရိုင်၌ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားရေးစီမံကိန်းဖြင့် လုပ်ငန်း (၄) ခု အကောင်အထည်ဖော်ဆောင်ရွက်
Jul 16,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဒေသတွင်း အသေးစား ကုန်ထုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးပွားရေး စီမံကိန်းဖြင့် မင်းဘူးခရိုင်အတွင်း၌ လုပ်ငန်း (၄) ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ကျောက်တလုံးကြီးမြို့၌ “အာဇာနည်နေ့ ဒို့မမေ့” အသိပညာပေးနံရံကပ်စာစောင် ပြသ
Jul 16,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကျောင်းသားလူငယ်များနှင့် ပြည်သူများ အာဇာနည်နေ့သမိုင်း‌အကြောင်းအရာများကို ပိုမိုသိရှိနိုင်စေရန်ရည်ရွယ်၍ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် “အာဇာနည်နေ့ဒို့မမေ့” အသိပညာပေးနံရံကပ်စာစောင်ကို ယမန်နေ့ ညနေ (၃)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြသခဲ့သည်။