ကံမ ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းနားတစ်လျှောက် မြစ်ရေများဝင်ရောက်လာသဖြင့် ရေဝင်ရောက်သည့် အိမ်ထောင်စုများမှ ပြည်သူများအား ရေကင်းလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးခဲ့ပြီး အဆိုပါနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ သရက်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ (၂)နာရီက နိုင်ငံတော်မှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အစီအစဉ်ဖြင့် ထောက်ပံ့သည့် ဆန်နှင့်ခေါက်ဆွဲခြောက်များအား ရေဘေးရှောင်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဧရာဝတီမြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်းများရှိ ရပ်ကွက်၊ ကျေးရွာများမှ မြစ်ရေဝင်ရောက်သည့် ရေဘေးရှောင် အိမ်ထောင်စုများမှ စုစုပေါင်းလူဦးရေ (၁၀၄၈)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာ လူတစ်ဦးလျှင် (၂၁၀ဝ)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၂၀၀၈၀ဝ)နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အစီအစဉ်ဖြင့် ထောက်ပံ့သည့် ဆန်နှင့်ခေါက်ဆွဲခြောက်များ တန်ဖိုးငွေ (၂၆၄၄၀၀၀)တို့အား ရေဘေးရှောင်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)