ချောင်းဆုံမြို့နယ်တွင် ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်များ အသိပညာပေးနှိုးဆော်

ချောင်းဆုံ ဇူလိုင် ၁၆

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်များကို ပြည်သူများသတိပြုကာကွယ်နိုင်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ကလော့ကျေးရွာနှင့် ညောင်လမ်းကျေးရွာတို့တွင် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ကွင်းဆင်းဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးဦးကျော်ရဲလွင်နှင့် ဝန်ထမ်းများက ပြည်သူများသိရှိစေရန်အတွက် ရေဘေးအန္တရာယ်နှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ သတိပြုရမည့်ဆောင်ရန်၊ ရှောင်ရန်အချက်များပါဝင်သည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ကျေးရွာများအတွင်းအသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ကာ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ကျန်ရှိသည့်ကျေးရွာများတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော် (ချောင်းဆုံ)