သတင်းများ

လှိုင်မြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Jul 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် လှိုင်မြို့နယ်တွင် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ရေနံချောင်းမြို့နယ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ ကျင်းပ
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(လည်ပေါ်)ကျောင်းတွင် ကျင်းပခဲ့သည်။
မာန်အောင်မြို့ မြို့မကျောင်းကြီး ဦးစီးပဓာနနာယက ပျံလွန်တော်မူဆရာတော် (ဘဒ္ဒန္တဣဿရိယ)၏ (၂)နှစ်ပြည့်အထိမ်းအမှတ် ကုသိုလ်ကောင်းမှုအလှူတော်မင်္ဂလာပွဲကျင်းပ
Jul 15,2024
ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မကျောင်းကြီး၏ဦးစီးပဓာနနာယက၊ အနန္တဂိုဏ်းဝင်ကျေးဇူးရှင် ပျံလွန်တော်မူဆရာတော်ကြီး (ဘဒ္ဒန္တဣဿရိယ)၏ (၂)နှစ်ပြည့်အထိမ်းအမှတ် ကုသိုလ်ကောင်းမှု အလှူတော်မင်္ဂလာပွဲအခမ်းအနားကို ယနေ့နံနက်၈နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့သည်။
ကျေးရွာမြေငှားဂရန် ပေးအပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Jul 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံအရှေ့ကျေးရွာအုပ်စု၊ ဝမ်လုံကျေးရွာတွင် နေထိုင်ကြသည့် ပြည်သူများအား ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ နှင့်တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်း၌ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
လူသုံးကုန်ထုတ်လုပ်မှု ဆပ်ပြာဆီအမျိုးမျိုးပြုလုပ်နည်းသင်တန်းဖွင့်ပွဲ
Jul 15,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးပွားရေး စီမံကိန်း လူသုံးကုန်းထုတ်မှု နည်းပညာသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ထီလှိုင်အုပ်စု ဈေးကုန်းကြီးကျေးရွာ မူလတန်းကျောင်း၌ ကျင်းပခဲ့သည်။
မင်းလှမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ Grade-A အဆင့်မီ ဝါဂွမ်းရရှိရေး စိုက်ပျိုးထုတ်လုပ်မှုနှင့် ဝယ်ယူကြိတ်ခွဲမှုနည်းပညာပေးဆွေးနွေးပွဲ ကျင်းပ
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးဦးဆောင်၍ Grade-A အဆင့်မီ ဝါဂွမ်းရရှိရေး စိုက်ပျိုးထုတ်လုပ်မှုနှင့် ဝယ်ယူကြိတ်ခွဲမှု နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ဟိုပုံးတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Jul 15,2024
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း (နောင်တောင်း) ၌ ကျင်းပသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့်တာဝန်ရှိသူများ မြစ်သားမြို့နယ် နွားကူးကြီးကျေးရွာအုပ်စုရှိ ကင်းတားရေလွှဲဆည်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 15,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် နွားကူးကြီးကျေးရွာအုပ်စုရှိ ကင်းတားရေလွှဲဆည်သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့်တာဝန်ရှိသူများက ယမန်နေ့မွန်းလွှဲပိုင်းက ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရသည်။