လှိုင် ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် လှိုင်မြို့နယ်တွင် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် အ.လ.က(၆)အထက်တန်းပြ ဆရာမကြီးက အာဇာနည်ခေါင်းဆောင်ကြီးများလို မျိုးချစ်စိတ်ဓာတ်ရှင်သန်နိုးကြားလာစေရန်နှင့် နိုင်ငံ့အကျိုးသယ်ပိုးနိုင်သော ခေါင်းဆောင်ကောင်းများဖြစ်လာစေရန်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အာဇာနည်ခေါင်းဆောင် (၉) ဦး၏ အတ္ထုပ္ပတ္တိအကြောင်းကို ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၆၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ယမင်း (ပြန်/ဆက်)