လူသုံးကုန်ထုတ်လုပ်မှု ဆပ်ပြာဆီအမျိုးမျိုးပြုလုပ်နည်းသင်တန်းဖွင့်ပွဲ

ရမည်းသင်း ဇူလိုင် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးပွားရေး စီမံကိန်း လူသုံးကုန်းထုတ်မှု နည်းပညာသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ထီလှိုင်အုပ်စု ဈေးကုန်းကြီးကျေးရွာ မူလတန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါသင်တန်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ကျေးလက်နေ မိသားစုများ အလုပ်အကိုင်များ ရရှိပြီး ဝင်ငွေတိုးပွားရေး စီမံကိန်းလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရမည်းသင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းဇော်မှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းရည်ရွယ်ချက်နှင့် ကျေးလက်နေပြည်သူများအား အသက်မွေးဝမ်းကြောင်း အထောက်အကူပြုသင်တန်းများ ပို့ချပေပြီး၊ လက်မှုလုပ်ငန်းမှ စက် မှုလုပ်ငန်းများသို့ ထွန်းကားလာစေရန်၊ မိသားစု အပိုဝင်ငွေ ရရှိစေရန် နည်းပညာများကို အခမဲ့သင်ကြားပေးလျက်ရှိရာ ဆပ်ပြာရည်ပြုလုပ်နည်းလုပ်ငန်းအဆင့်ဆင့်နှင့် ထည့်သွင်း အသုံးပြုရမည့် ကုန်ကြမ်းပစ္စည်းများ၏ အချိုးအစားကို ရှင်းလင်းပြောကြားပြီး စီမံကိန်း အကောင်အထည်‌ဖော်ရေးကော်မတီအဖွဲ့ခေါင်းဆောင်အား သင်တန်းအသုံးပြုမည့်ပစ္စည်းများကို ထောက်ပံ့‌ပေးအပ်ကြသည်။

အသေးစားကုန်ထုန်လုပ်ငန်းများ ဖန်တီးပးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေး စီမံကိန်း လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ဘက်စုံသုံးဆပ်ပြာဆီအမျိုးမျိုး ထုတ်လုပ်နည်း နည်းပညာကို ဈေးကုန်းကြီးကျေးရွာမှ သင်တန်းသား/သင်တန်းသူ (၁၅)ဦး တက်ရောက်ပြီး သင်တန်းကို ဇူလိုင် ၁၅ ရက် မှ ၂၁ ရက်နေ့ထိ ခရိုင်အသေးစာ စက်မှု၊ လက် မှုလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများမှ စာတွေ့လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ကာ မွန်မံသင်တန်းကို ဇူလိုင် ၂၉ ရက်မှ ဩဂုတ် ၄ နေထိ သင်ကြားပို့ချမည်ဖြစ်ကာ မိသားစု အပိုဝင်ငွေ ရရှိစေရန်လည်း တစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချနိုင်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)