ငပုတောမြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများပြုလုပ်
Jul 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်များ အသိပညာ ဗဟုသုတများ တိုးပွားစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲများ ပြခြင်းကို ဇူလိုင် ၁၁ ရက်နေ့ မွန်းလွဲပိုင်းက အခြေခံပညာ အလယ်တန်းကျောင်း ဝက်ဆူကျေးရွာတွင် ပြုလုပ်ခဲ့သည်။