ကျေးရွာမြေငှားဂရန် ပေးအပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

လွိုင်လင် ဇူလိုင် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံအရှေ့ကျေးရွာအုပ်စု၊ ဝမ်လုံကျေးရွာတွင် နေထိုင်ကြသည့် ပြည်သူများအား ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ နှင့်တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်း၌ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် သတ်မှတ်ချက်များနှင့်အညီ ရှိ/မရှိ ကိုစစ်ဆေးကြရာ ကျေးရွာအုပ်ချုပ်ရေးမှူးက လိုက်လံရှင်းလင်း ပြသကြသည်။

လွိုင်လင်မိုး