တန့်ယန်း ဇူလိုင် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုအဖြစ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အဆိုပါ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ၌ အခြေခံပညာမူလတန်းအဆင့်တွင် (၁၁)ဦး၊ အလယ်တန်းအဆင့်တွင် (၁၁)ဦး၊ အထက်တန်းအဆင့်တွင် (၁၀)ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ (၃၂)ဦးက သတ်မှတ်ထားသော ခေါင်းစဉ်အလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းမန်နှင့် ဆရာ ဆရာမများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)