ပုဇွန်တောင် ဇူလိုင် ၁၇
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ပုဇွန်တောင်မြို့နယ် အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ဇူလိုင် ၁၅ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာစီစာကုံးပြိုင်ပွဲ၌ အထက်တန်းအဆင့်(၅)ဦး၊ အလယ်တန်းအဆင့်(၇)ဦးနှင့် မူလတန်းအဆင့်(၁)ဦးတို့ကလည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့်(၃)ဦး၊ အလယ်တန်းအဆင့် (၃)ဦးနှင့် မူလတန်းအဆင့်(၃)ဦးတို့ကလည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့်(၁)ဦး၊ အလယ် တန်းအဆင့်(၄)ဦးနှင့်မူလတန်းအဆင့်(၁)ဦးတို့ကလည်းကောင်း စိတ်ဝင်တစားဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၆)ကျောင်းမှ ကျောင်းသူ/ ကျောင်းသား(၃၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို မြို့နယ်အဆင့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်